Connect with us

Politics, Law & Military

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ပြစ်ဒဏ်များ သတ်မှတ်

ပုဂ္ဂလိက ဓာတ်ဆီဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁ (က) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ခြင်း အပေါ် အရေးယူ ဆောင်ရွက်ရာတွင် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်အား ပိတ်သိမ်းခြင်း အပါအဝင် ထိရောက်စွာ အရေးယူနိုင်ရန် ပြစ်ဒဏ်များသတ်မှတ်လိုက်ကြောင်း လျှပ်စစ်နှင့်် စွမ်းအင် ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေ ပုဒ်မ ၃၁ (က)၌ “လိုင်စင် ရရှိသူ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ များ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့် စည်းကမ်းချက် တစ်ခုခုပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ သို့ မဟုတ် ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ” ဟု တားမြစ် ပြဌာန်းထားကြောင်း၊ အဆိုပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်လျှင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄ အရ သတိပေးခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်း၊ အမြဲတမ်း ရုပ်သိမ်းခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်း ဟူသည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်၍ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း၊ ၂၀၁၈ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်၍ အရေးယူရာတွင် “ပထမအကြိမ် ကျူးလွန်ပါက ဒဏ်ကြေးငွေ အများဆုံး ကျပ် ငါးသန်း (၅၀၀၀၀၀၀-ကျပ်)ပေးဆောင်ရန်၊ ဒုတိယ အကြိမ် ထပ်မံ ကျူးလွန်ပါက ဒဏ်ကြေးငွေ အများဆုံး ကျပ် ဆယ်သန်း(၁၀၀၀၀၀၀၀ -ကျပ်) ပေးဆောင်ရန် သတ်မှတ်သည့်အပြင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အား အမြဲတမ်း ပိတ်သိမ်းခြင်း” ပြစ်ဒဏ် ချမှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးဌန၏ စွမ်းအင်ကဏ္ဍ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က မီဒီယာသို့ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.