Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်တွင် ငွေကျပ် ၈၃၆၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၁၀,၆၄၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်တွင် ငွေကျပ် ၈၃၆၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၁၀,၆၄၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ၀၈း၁၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ နဘားလမ်းဆုံ တွင် အင်းတော်မြို့ဘက်မှ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးပျော်ဘွယ်အနောက်၊ ချမ်းသာရထုံးကုန်းရပ်နေ မြင့်ဇော်ဦး(ခ)မျိုးဇော်ဦး ၃၂ နှစ် မောင်းနှင်ပြီး ချမ်းအေးသာဇံမြို့နယ်နေသူများဖြစ်သည့် မင်းမင်းဦး(ခ)မင်းဦး ၂၆ နှစ် နှင့် မငုဝါလှိုင် ၂၆ နှစ်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဆပ်ပြာခွက် ၈၃၆ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူစုစုပေါင်းအလေးချိန် ၈.၃၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၃၆၀ သိန်း)၊ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၄၅၇၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၆၄၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)