Connect with us

Politics, Law & Military

ယုံကြည်မှု တည်ဆောက်နိုင်ရန် ဝိုင်းဝန်းကူညီပေးဖို့ တိုက်တွန်း

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့  လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရန် အတွက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝရရှိရေးတို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဝိုင်းဝန်း ကူညီပေးဖို့ တိုက်တွန်းပါကြောင်းပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ နံနက် ပြောကြားခဲ့သည်။

“စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ တိုင်းရင်းသား အခွင့် အရေးများ အပြည့်အဝရရှိရေး တို့ဟာ အထူးပင်အရေးကြီးလှပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ဆွေးနွေး ဖြေရှင်းနိုင်ဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဝိုင်းဝန်း ကူညီပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု အစည်းအဝေး ပထမနေ့ နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ၎င်းက တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလအတွင်း ဆွေးနွေး ဆောင်ရွက်ရမည့် ဥပဒေကြမ်း ၁၄ ခုရှိကြောင်း၊ အသင့်ဖြစ် အဆို ၁၆ ခု၊ အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း၂၃၇ ခု ပါရှိကြောင်း၊ မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းတို့ကို ဝန်ကြီးဌာနများ၏ အခြေအနေနှင့် ရရှိသော အချိန်အခါပေါ်မူတည်ပြီး နေ့စဉ်အစည်းအဝေး အစီအစဉ်များတွင် မျှမျှ တတ ထည့်သွင်းသွားမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “လွှတ်တော်လုပ်ငန်းစဉ်များဟာ ဒီမိုကရေစီစံချိန်စံညွန်းများနဲ့ အညီ ကျင့်သုံး ဆောင်ရွက်ကြရတာ ဖြစ်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူလူထုရဲ့ လူမှုဘဝစီးပွား တွေကို မြှင့်တင်နိုင်ဖို့အတွက် ဥပဒေများအခိုင်အမာ ပြဌာန်းနိုင်ဖို့အထူးလိုအပ်ပါတယ်။ လွှတ်တော်များ ခိုင်မာ အားကောင်းပြီး ပြည်သူက ပိုမိုအားကိုးလာဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်း ကဏ္ဍနဲ့ ဥပဒေပြုရေး တာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ မိမိတို့ ကိုယ်စားပြုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့တာဝန်ဟာ ကြီးမားပြီး စနစ်တကျ ချင့်ချိန် စဉ်းစား ဝေဖန်သုံးသပ်၊ ဆောင်ရွက်နိုင်ကြမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ် လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေပြုရေး အပါအဝင် လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့အညီ စံနမူနာပြ ဆောင်ရွက် ကြဖို့ တိုက်တွန်းလိုပါတယ်”ဟုလည်း လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.