Connect with us

Politics, Law & Military

IDP စခန်းများ ပိတ်သိမ်းရေးမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၌ ဦးစားပေးလုပ်ငန်း ဖြစ်

NRPC အဖွဲ့ ဝင် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

စစ်ဘေးရှောင်ပြည်သူများ (IDP:_ Internally displaced people)စခန်းများအား ပိတ်သိမ်းနိုင် ရေးသည် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဦးစားပေး ဆောင်ရါက်ရမည့် လုပ်ငန်း ဖြစ်ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)အဖွဲ့ ဝင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။

“ဒီကနေ့ဆွေးနွေးပွဲမှာ ကချင်ပြည်နယ်အတွင်းမှာနေရပ်စွန့်ခွာရတဲ့IDP အနေနဲ့ ၎င်းတို့နေရပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချနေထိုင်နိုင်ဖို့ IDP တွေ လတ်တလော လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးနိုင်ဖို့၊ IDP စခန်းတွေ ပိတ်သိမ်းနိုင်ဖို့ ကိစ္စတွေကိုကျွန်တော်တို့ဒီနေ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီအရေးကိစ္စဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာဦးစားပေးဖြေရှင်းရမယ့် ဆောင်ရွက်ပေးရမယ့်လုပ်ငန်း ကိစ္စဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်” နေပြည်တော် NRPC ၌ NRPC နှင့် ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC:_ Kachin Humanitarian Concern Committee) တို့ တွေ့ဆုံပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

KHCC ကို ကိုယ်စားပြုအဖွဲ့၏ ဥက္ကဌကြီးကိုယ်တိုင်က ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဖြစ်သလို အဖွဲ့ဝင်များမှာလည်း ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းမှ အကျိုး ဆောင်အဖွဲ့ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသဖြင့် ကချင်ဒေသအတွင်းမှာရှိသော IDP အရေးကိစ္စများ၊ KHCC အနေဖြင့် အစိုးရက ဆောင်ရွက်နေသည့် IDP ကိစ္စရပ်များတွင် မည်သို့ ပံ့ပိုးကူညီနိုင်မည်၊ မည်သို့ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုသည်ကို ဆွေးနွေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း၊ NRPC အနေဖြင့် KIO ၊ KIA ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံခဲ့ရာတွင် ယုံကြည်မှုတည်ဆောက်ဖို့ အတွက် ခိုင်ခိုင်မာမာ အထောက်အကူုပြုနိုင်ဖို့၊ IDP များအား နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်နိုင်ဖို့ NRPC က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ NRPC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် KHCC ဥက္ကဌ တို့ နှင့် မြစ်ကြီးနား မှာတွေ့ဆုံသည့် အခါကလည်း IDP ကိစ္စကို နိုင်ငံတော်အစိုးရနှင့် KHCCတို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြကြောင်း၊ ထိုနေ့မှ အစ ပြုြင်္ပီး ယနေ့ NRPC နဲ့ KHCC တို့ တရားဝင် အစည်းအဝေး ကျင်းပနိုင်တဲ့ အခြေအနေကိုရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊၊ ပူးပေါင်း ဆောင်ရါက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

KHCC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် အျမှာစကား ပြောကြားစဉ်။

NRPC နှင့် KHCC တို့ တွေ့ဆုံဆွေးနွေးကြစဉ်၊

KHCC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က “ယနေ့ NRPC နဲ့ဆွေးနွေးနိုင်တဲ့အခါ ရည်ရွယ်ချက် ပန်းတိုင် တူညီမယ်လို့ကျွန်တော်ယုံကြည်ပါတယ်၊ အခေါ်အဝေါ်အသုံးအနှုန်းများ အနေနဲ့တော့ အနည်းအကျဉ်း ကွဲလွဲတာရှိနိုင်ပါတယ်၊ အဲ့လိုကွဲလွဲတဲ့အခါ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ အစိုးရဘက်မှ စိတ်ရှည်သည်းခံပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ IDP နေရပ်ပြန်ရေး ကိစ္စဟာ စစ်ရေးနဲ့အများဆုံး ဆက်နွယ်နေတဲ့အတွက်ကြောင့် တပ်မတော်ဘက်မှ လည်း တိုင်းရင်းသားအပေါ်မှာ ယုံကြည်စွာ အမြင်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသား ဒေသများသို့ စစ်အရှိန်ကို လျှော့ပြီး IDP များ ယုံကြည်မှုရှိတဲ့အထိ ယခင်တပ်စခန်း မရှိသော ကျေးရွာများမှာ တပ်စခန်း တည်ဆောက်ခြင်း ကိုထိုဒေသမှ စွန့်ခွာ၍ ငြိမ်းချမ်းမှု တည်ဆောက် ရေးအတွက် လုပ်ဆောင် နိုင်ပါက IDP နေရပ်ပြန်ရေးဟာ အချိန်တိုအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ NRPC အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဗိုလ်မှူးကြီး နေလင်းထွန်း၊ သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးခင်မောင် တင်၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ဦးနေဝင်း တို့ တက်ရောက်ခဲ့ကြပြီး KHCC အဖွဲ့မှ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် အပါအဝင် အဖွဲ့ဝင် ဆယ်ဦး တို့တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.