Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်

ရန်ကုန်လေဆိပ်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ် လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် သြဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြ ကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr.Pavel KLABUKOV၊ စစ်သံရုံးမှဒုတိယစစ်သံမှူး Lieutenant Colonel Alexey YUMATOVနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။(Xinhua)