Connect with us

Politics, Law & Military

တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA ၊ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွား

ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်၌ ရှော့တိုက်ဒုံးများအားတွေ့ရစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် စစ်ဆေးရေးဂိတ်များအား ယနေ့ (သြဂုတ် ၁၅)ရက် နနက် ၅နာရီခွဲခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တပ်မတော်နှင့် AA ၊ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားကာ အကျအရှုံးများဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့အား သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားဝန်ထမ်း ၁ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်းတပြိုင်တည်း အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ် နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများသွားရောက် ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေ ရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့် နေရာများနှင့် ဘတ္ထရီအိုး ၁ လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင် ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအားလည်း ကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ ကြောင့် AA ၊ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါး နှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.