Connect with us

Politics, Law & Military

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်၌ ငွေကျပ် ၁၂၅,၂၅၀ သိန်း တန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်၌ ဖမ်းဆီးရမိခဲ့သော ICE များအား တွေ့ ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ၊ လွိုင်လင်-တောင်ကြီး သွား ကားလမ်း ၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးပေါ်မှ ဒေသကာလ ပေါက်ဈေး တန်ဖိုး ငွေကျပ် ၁၂၅,၂၅၀ သိန်း ရှိသော ICE အလေးချိန် ၅၀၁ ကီလိုဂရမ်အား သိမ်းဆည်း ရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုကော်မတီ ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့် အတူ သြဂုတ် ၁၆ ရက်တွင် ဟိုတင့်ကျေးရွာအနီး၌ ယာဉ်တစ်စီးအား မသင်္ကာသဖြင့် အသေးစိတ်စစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်းအံဝှက်အတွင်းမှ ICE အလေးချိန် ၅၀၁ ကီလိုဂရမ် (ဒေသကာလ ပေါက်ဈေး တန်ဖိုး ငွေကျပ် ၁၂၅,၂၅၀ သိန်း) ၊ မြန်မာငွေ ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် အပေါ် လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.