Politics, Law & Military
တပ်မတော် စစ်သမိုင်းပြတိုက်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သွားရောက် လေ့လာ
ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ဇူလိုင်လ ၁၅ ရက်တွင် သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်လေ့လာခဲ့ရာ မော်ကွန်းတိုက်မှူး ဗိုလ်မှူးကြီး မိုးဇော်ထွန်းမှ လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။ (Xinhua)