Connect with us

Politics, Law & Military

အာဇာနည်နေ့ အခမ်းအနားသို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက် ဂါရဝပြုမည်

အာဇာနည်နေ့အခမ်းအနား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-Senior General Min Aung Hlaing Facebook)

ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်တွင် ကျင်းပပြုလုပ်မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂါရဝပြုသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံတစ်ဝန်းလုံးတွင် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့ အတွက် အောက်ခြေ အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော် သမ္မတရုံးမှ အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားသည်။
အာဇာနည်နေ့ အခမ်းအနားကို လွတ်လပ်ရေးကို အသက်ပေး ရယူပေးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို ထာဝစဉ် သတိရနေရန် ကျင်းပရ ခြင်းဖြစ်ကြောင်း ၊ လွတ်လပ်ရေး ရယူနိုင်ရန် အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ရင်းနှီး ပေးဆပ်ခဲ့ရသည်များကို လူငယ် လူရွယ်များနှင့် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရေးနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ရေး တို့ကို ရည်ရွယ် ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.