Connect with us

Politics, Law & Military

လူကုန်ကူးမှုဖြင့် ခြောက်လတွင်း တရားစွဲဆို ခွင့်ပြုမိန့် ရရှိသော အမှုပေါင်း ၅၇ မှု ရှိဟုဆို

လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တရားစွဲဆို ခွင့်ပြုမိန့် ရရှိသော လူကုန်ကူးမှု ပေါင်းသည် ၅၇ မှု ရှိခဲ့ကြောင်းဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်) မှ ဒုတိယရဲမှူး မင်းနိုင်က ပြောကြားသည်။

အဆိုပါ လူကုန်ကူး ခံရမှုများတွင် ဇန်နဝါရီလတွင် ၁၂ မှု၊ ဖေဖော်ဝါရီလတွင် ၁၂ မှု၊ မတ်လတွင် ၁ဝ မှု၊ ဧပြီလတွင် လေးမှု၊ မေလတွင် သုံးမှုနှင့် ဇွန်လတွင် ၁၆ မှုတို့ ဖြစ်သည်။
ယခုနှစ် ခြောက်လတာ ကာလအတွင်း ဇွန်လသည် လူကုန်ကူးမှုဖြင့် တရားစွဲခံရမှု အများဆုံးလ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများ အရ သိရသည်။

ယင်း ခြောက်လကာလအတွင်း ဦးတည်နိုင်ငံများ အဖြစ် တရုတ်ပြည်သို့ ၄၅ မှု၊ ထိုင်းနိုင်ငံသို့ လေးမှု၊ မလေးရှား နိုင်ငံသို့ သုံးမှုနှင့် ပြည်တွင်း ငါးမှုတို့ ဖြစ်ပြီး အမျိုးအစားများ အနေဖြင့် အဓမ္မလက်ထပ် စေခိုင်းခြင်း ၄၃ မှု၊ အဓမ္မခိုင်းစေခြင်း ကိုး မှု၊ ပြည့်တန်ဆာ ပြုခြင်းလေးမှုနှင့် မွေးစားခြင်း တစ်မှုတို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.