Politics, Law & Military
တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး နှင့် ကျောက်စိမ်းလက်ကောက်များဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ကာမိုင်း-ဖားကန့် သွားကားလမ်းရှိနန့်တိန်းစစ်ဆေးရေးဂိတ်တွင် တပ်မတော်သားများက မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ယနေ့နံနက်ပိုင်းတွင် နန့်တိန်းကျေးရွာအဝင် မီတာ ၄၀၀ ခန့်အကွာ၌ရပ်တန့်ထားသည့်
Haise အမျိုးအစားယာဉ်အမှတ်၊ 6J/—— အား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထား
သော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် ကျောက်စိမ်းတုံးများအား ကာမိုင်းနယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)