Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၌ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂၁ ရက် ညနေ ၄ နာရီတွင် သတင်းအရ မောင်တောမြို့နယ် မြို့ဦးအုပ်စုအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဇူလရွာနေသစ် ကုန်သည်/ပုဇွန်ကန်လုပ်ငန်း လုပ်ကိုင်သူ အာဆော့ဒူလာ(၃၈)နှစ် (ဖ)မော်ဂူလာမောက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးစဉ် နေအိမ်ဝင်းအတွင်းရှိ ဆန်ဂိုထောင်အတွင်းမှ ဆာလာ အိတ်(၁၀)အိတ်ဖြင့် ထုပ်ထားသည့် ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ WYစာတမ်းပါ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြား ၊ လက်ပ်တော့(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံးတို့နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူ အာဆော့ဒူလာအား မောင်တောမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.