Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိ

တရားမ၀င်သစ်များအား ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ သစ်တင်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းယာဉ်အား ပြင်ဆင်နေသည့် တာချီလိတ်မြို့စက်မှုဇုန်ရပ်ကွက်၊ ပိရေဝပ်ရှော့မှ လူနှစ်ဦးအား NISSAN အမျိုးအစား လိုင်စင်မဲ့ ၁ဝ ဘီးယာဉ်ပေါ်မှ တင်ဆောင်ထားသော တရားမဝင်ကျွန်းသစ်နှင့် သစ်မျိုးစုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါဖမ်းဆီးရမိသူများ၊ တရားမဝင်သစ်များနှင့် ယာဉ်တို့အား တာချီလိတ်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာန သို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။(Xinhua)