Connect with us

Politics, Law & Military

တရားမဝင် အကောက်ခွန်မဲ့ သကြားအိတ်ပေါင်း ၁၄ဝ သယ်ဆောင်လာမှု ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သကြားအိတ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရားမဝင် အကောက်ခွန်မဲ့ သကြား ၅ဝ ကီလိုဂရမ်ရှိ အိတ်ပေါင်း ၁၄ဝ သယ်ဆောင်လာသည်ကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက်က မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ညောင်ခါးရှည်အကျော် မြစ်ကျိုးလမ်းအနီးတွင် Mitsubishi Canter Truck မော်တော်ယာဉ်ကို ရှောင်တခင်စစ်ဆေးရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် သကြား ၅ဝ ကီလိုဂရမ် အိတ် ၁၄ဝ နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီးအပါအဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆.၄၈ဝ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖေဖော်ဝါရီ ၆ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တရားမဝင် ကုန်သွယ်မှုများအား တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၇၉၃ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅၂ဝ သန်းခန့်) စုစုပေါင်း တားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၃၁၃ သန်းခန့်) ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၆ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၈၉ စီး၊ သွင်းကုန် ၁ဝ၂၁ စီး၊ ရန်ကုန်- မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် ၁၃၃ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.