Connect with us

Politics, Law & Military

တာချီလိတ်မြို့၌ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ၊ ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိ

ဖမ်းဆီးရမိသောတရားခံများနှင့် သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ အား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်တွင် Toyota Hilux Vigo Champ အမျိုးအစား မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် မော်တော်ယာဉ်မောင်းနှင်လာသူ နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း နှင့် ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.