Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂ဝပြည့်နှစ်၌ စည်းကမ်း ချိုးဖောက်သော ယာဉ်နှင့် ဆိုင်ကယ်အစီး ၂,၈၀၀ကျော်အား အရေးယူခဲ့ဟုဆို

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအား ယာဉ်မောင်းများထံသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးနေစဉ် (Yangon Traffic Police)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်သော ယာဉ်နှင့် ဆိုင်ကယ် အစီးရေ ၂,၈၀၀ကျော်အား အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရသည်။

ထိုသို့အရေးယူမှုထဲတွင် စည်းကမ်းပျက်မော်တော်ယာဉ် (၂,၆၂၆)စီး၊ ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ် (၈၀)စီးနှင့် ကရိန်းဆွဲအရေးယူမှု (၁၁၃) စီးတို့ပါဝင်ကြောင်း သိရသည်။ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း စီးနင်းနေသော ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီစက်ဘီးများအား စီးနင်းခြင်းမပြုရန် အသိပညာပေးဆောင်ရွက်မှုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပြီးအောက်တိုဘာလ တတိယပတ်မှစ၍ ချလန်ဖြတ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး ရဲထွန်းအောင်က ပြောကြားသည်။

“ဒီ ၂၀၂၁ မှာလည်း စက်ဘီးစီး ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စီးနင်းဖို့နဲ့ အနှေးယာဉ် မဝင်ရ လမ်းတွေမှာစီးတာတွေ၊ လမ်းပြောင်းပြန် စီးတာတွေ၊ မီးနီဖြတ် စီးတာတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်တာတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တော့မှာပါ” ဟု၎င်းကဆိုသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ယာဉ်ကြောကြပ်တည်းသည့် နေရာဖြစ်သော လှည်းတန်းဈေးနှင့် လှည်းတန်းလမ်းဆုံ မီးပွိုင့်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စက်ဘီးစီးနင်းရန်နှင့် စည်းကမ်းချိုးဖောက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့် အသိပညာပေး ဆောင်ရွက်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကုန်တင်ယာဉ်နှင့် နောက်တွဲယာဉ်များတွင် မော်တော်ယာဉ် အမျိုးအစားအလိုက် တပ်ဆင်ရမည့် အကာအကွယ် တန်းများကို ပြည့်စုံစွာတပ်ဆင်ထားရှိရန် ယာဉ်ပိုင်ရှင်နှင့်ယာဉ် အသင်းတို့အား လာမည့်သီတင်းပတ်မှ စတင်၍ အသိပညာပေးဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ (၁) ရက်နေ့မှစ၍ အကာအကွယ်တန်းများ ပြည့်စုံစွာ တပ်ဆင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ပြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.