Politics, Law & Military
တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရန် ရွေးချယ်ထားသူများ၏ အမည်စာရင်းများ တင်သွင်း/အတည်ပြုခြင်းများ ယနေ့ပြုလုပ်
ရန်ကုန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရန် ရွေးချယ်ထားသူများ၏ အမည်စာရင်းကို ယနေ့ မတ်လ ၂၈ ရက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လွှတ်တော်များ၌ တင်သွင်းခြင်း ၊ အတည်ပြုခြင်းများကို ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း အားလည်းကောင်း ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ လင်းထွဋ် အားလည်းကောင်း ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဦးမန်းဂျော်နီ အားလည်းကောင်း ၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ လဲ့လဲ့မော် အားလည်းကောင်း လွှတ်တော်၏ သဘောတူညီမှုဖြင့် အတည်ပြုကြောင်း ကြေညာခြင်းများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် ဦးညီပုအား အမည်စာရင်း ကြေညာခဲ့ရာတွင် ရခိုင် အမျိုးသား ပါတီမှ လက်မခံခဲ့ဘဲ ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေး အတွင်းမှ ထွက်ခွာခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရန် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ ဇော်မြင့်မောင် ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါ်နန်းခင်ထွေးမြင့် ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ မြင့်နိုင် ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ အောင်မိုးညို ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ ခက်အောင် ၊ ကယား ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးအယ်လ်ဖောင်းရှို ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ဦးဝင်းသိန်း ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးဆလိုင်းလျန်လွယ် ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးမင်းမင်းဦး တို့ ကို တင်သွင်းထားကြောင်း သိရသည်။ (Xinhua)