Connect with us

Politics, Law & Military

အစိုးရအဖွဲ့သို့ဝင်ရောက်တော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆက်ပွဲအဖြစ် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ အဖွဲ့သို့ဝင်ရောက်တော့မည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆက်ပွဲ အဖြစ် ယနေ့မတ်လ ၂၈ ရက်တွင် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့သည်။

“နေရာတစ်နေရာကို ရောက်ပြီးလို့ပြန်ထွက်သွားတဲ့အခါ အရင်ထက် ပိုကောင်းအောင် လုပ်ထားပေးခဲ့ဖို့ အချင်းချင်း သစ္စာ ရှိရှိ နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အမတ်တွေကို သူ Cabinet မသွားခင် မှာကြားတဲ့ အစည်းအဝေးပါ”ဟု အမျိုးသားလွှတ်တော်အမတ် NLD ပါတီဝင် ဦးအောင်ကြည်ညွန့် က တွေ့ဆုံပွဲအပြီးတွင် မီဒီယာများကို ပြောခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ယခု တွေ့ဆုံမှုနှင့် ပတ်သက်ပြီး “နောင်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ထဲဝင်မှာဖြစ်လို့ ပါတီလုပ်ငန်း လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်သွားမယ်ဆိုတာ ပြောဖို့အခုလို တွေ့တာပါ” တွံတေး မြို့နယ် NLD အမတ်ကလည်း မီဒီယာများကို ပြောခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.