Politics, Law & Military
တိုင်းနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ စာရင်း လျာထားချက်များ ထွက်ပေါ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ နေရာများ အတွက် အမည်စာရင်း လျာထားချက်များ ယနေ့ ထွက်ပေါ်လာသော်လည်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က တရားဝင် အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း သိရသည်။
ယင်း စာရင်းများကို အဖွဲ့ချုပ်အနေဖြင့် ကြေညာခြင်း မရှိဘဲ ယင်းစာရင်းများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။
တိုင်းဒေသကြီး ၇ ခုဖြစ်သော မကွေးတိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း နှင့် ပြည်နယ် ငါးခု ဖြစ်သော မွန်၊ ကချင်၊ ကယား၊ ကရင်နှင့် ချင်းတို့၏ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများ လျာထား စာရင်းများ ယနေ့ ထွက်ရှိလာသည်။
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သည် မဲခွဲ ဆုံးဖြတ်ပြီး ရွေးချယ်ရမည် ဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ ဥက္တဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ စာရင်းများတွင် ပါဝင်ခြင်း မရှိပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အတွက် ပို့ချသည့် စီမံခန့်ခွဲရေး သင်တန်းဆင်းစဉ်က ချိပ်ပိတ်စာအိတ်များ ပေးခဲ့ခြင်းဖြစ်ပြီး ထိုစာအိတ်များကို ပြည်နယ်၊ တိုင်းလွှတ်တော်များ မစမီ နှစ်ရက် အလိုတွင် အသီးသီး ဖွင့်ဖောက်ခဲ့ရာမှ အဆိုပါ စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ (Xinhua)