Connect with us

Politics, Law & Military

ရန်ကုန်မြို့၌ ရပ်ထားသော ယာဉ်အား မသင်္ကာ၍ စစ်ဆေးရာ လက်နက်ခဲယမ်းများနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားသုံးခု တွေ့ရှိသဖြင့် စစ်ဆေး အရေးယူ

ဖမ်းဆီး ရမိသော ကားပေါ်၌ လက်နက် ခဲယမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ Victoria International School အရှေ့တွင် ကားမီးများ ထွန်းပြီး ရပ်ထားသော ကားတစ်စီးအား ယနေ့ နံနက် ၂ နာရီကျော်တွင် မသင်္ကာ ဖွယ်ရာ တွေ့ရှိသဖြင့် စစ်ဆေးရာ ကားပေါ်၌ လက်နက် ခဲယမ်းများနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု တွေ့ရှိသဖြင့် စစ်ဆေး အရေးယူလျှက် ရှိကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်း ယာဉ်ပေါ်တွင် ပါရှိသော အသက် ၂၆ နှစ် အရွယ် အမျိုးသားမှာ အလုံမြို့နယ် နွယ်သာဂီ လမ်းတွင် နေထိုင်သည့် ကိုအောင်မြတ်ကျော် ဖြစ်ပြီး ၎င်း မောင်းနှင်လာသည့် Toyota Hilux Vigo ယာဉ်ပေါ်မှ လိုင်စင်မဲ့ ပစ္စတို သေနတ် တစ်လက်နှင့် အတူ ၉ မမ ကျည် ၇၂ တောင့်တို့ကို သိမ်းဆည်း ရမိထားသည်။

အဆိုပါ အမျိုးသားထံမှ လက်နက် ခဲယမ်းများနှင့် အတူ အမည်လွှဲ နိုင်ငံသား စိစစ်ရေးကတ်ပြား သုံးခု ပတ်စ်စပို့ စာအုပ် တစ်အုပ်နှင့် ယာဉ်အမှတ် MDY- 1G/3160 မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး
လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ) ဖြင့် တာမွေ မြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.