Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမဆောင်တွင် စတင်ကျင်းပလျက်ရှိသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော် နာယက ကနှုတ်ခွန်းဆက်စကားပြောခြင်း၊ နိုင်ငံတော် သမ္မတ သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အစုအဖွဲ့လိုက်အစည်းအဝေးများ စတင်မည့်ရက်ကို သတ်မှတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား တွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် နာယကအဖြစ် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းကဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၆၅၃ဦးရှိသည့်အနက် ၆၄၈ဦး ယနေ့ တက်ရောက်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117