Politics, Law & Military
တောင်ကြီးမြို့၌ ငွေကျပ်သိန်း ၂၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တောင်ကြီးမြို့၌ ငွေကျပ်သိန်း ၂၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မြကန်သာလမ်းရှိ ဒို့ညီနောင် ခရီးသည်တင်ယာဉ်လိုင်း၏ ကုန်ပစ္စည်းလက်ခံဌာနသို့ စိုင်းကျော်လှ(ဘ)ဦးဆန်ယုံလာရောက်ပေးပို့သည့် အဖြူရောင်ဆာလာအိတ်အားမသင်္ကာကြောင်း သတင်းပေးပို့ချက်အရ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဆာလာအိတ်အတွင်း၌ စက္ကူဂျပ်ဖာအတွင်းထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၀၀၀၀ပြား (ကာလတန်ဖိုးငွေကျပ်သိန်း၂၃၀၀ ခန့်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းအဆိုပါပစ္စည်းအား ကားဂိတ်သို့လာရောက်ပို့ဆောင်သည့် စိုင်းကျော်လှအား လိုက်လံစုံစမ်းဖမ်းဆီးရာ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းရှိ တည်းခိုခန်းရှေ့လမ်းမ၌ TOYOTA IPSUM အမျိုးအစား ယာဉ်အမှတ်၊ 6F/—နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူအား တောင်ကြီးမြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)