Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြားနှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်မြှင့်တင်နိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့လည်းကောင်း ချစ်ကြည်ရေးခရီးများ တစ်နှစ်တာအတွင်း သွားရောကဲ့နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြားနှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်မြှင့်တင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ တစ်နှစ်တာအတွင်းဆောင်ရွက်ခဲ့မှုများ တွင် ထည့်သွင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ပြည် ချစ်ကြည်ရေးခရီးစဉ် အပြီးတွင် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံများ ဆက်ဆံရေး အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူချင်းထိတွေ့ဆက်ဆံ ရေးကို တည်ဆောက်ရန် နှင့် ပြည်သူအကျိုး ပြုလုပ်ငန်းများတွင် ဦးစားပေးကူညီ မျု များပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း၊တရုတ်နိုင်ငံဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ (၃)သန်းကူညီရန်နှင့် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ယွမ်သန်း (၁၀၀၀) ပေးအပ်ရန်သဘောတူညီခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ယန္တရားတစ်ရပ်ထူထောင်နိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ

အိန္ဒိယ နိုင်ငံသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ချစ်ကြည်ရေးခရီးများကြောင့် ပိုမိုနွေးထွေး တိုးတက်ကောင်း မွန်ခဲ့ကြောင်း၊ ခေါင်းဆောင်များအကြား ချစ်ခင်ရင်းနှီးမှုနှင့် အိန္ဒိယနိုင်ငံ၏ “အရှေ့မျှော်ပူးပေါင်းဆောင်ရွက်ရေးဝါဒ” ၊ “အိမ်နီးချင်း များနှင့် ဦးစားပေးဆက်ဆံရေးမူဝါဒ” များကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို တိုးတက်စေခဲ့ကြောင်း၊ ခရီးစဉ်များအတွင်း သုံးနိုင်ငံအဝေးပြေးကားလမ်းမကြီး၏ တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းရှိ တံတားများနှင့် ချဉ်းကပ်တံတားများတည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍ၊ ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့နှင့် သက်ဆိုင်သည့် သဘောတူညီမှု စာချွန်လွှာများ လက်မှတ် ရေးထိုးအကောင်အထည်ဖော်လျက်ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများအားတရားဥပဒေအရအကာအကွယ်ပိုမိုပေးနိုင်ရေးနှင့်၎င်းတို့၏အခွင့်အရေးများကိုမဆုံးရှုံးစေရေးအတွက်လည်းကောင်း၊ ဒုက္ခသည်များအဖြစ်နှင့် ထိုင်းနိုင်ငံ ဘက်တွင် နှစ်ကာလရှည်လျားစွာနေထိုင်ခဲ့သော မြန်မာနိုင်ငံသားများ ကိုပြန်လည် ခေါ်ဆောင်နိုင်ရေး အတွက်ညှိနှိုင်းဆောင်ရွက်မှု များပြုလုပ်နိုင်ခဲ့ကြောင်း၊နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေးကို ပြန်လည်စတင်ဆောင်ရွက်နိုင်ခဲ့သည့် အတွက်လည်း သဘောတူညီမှုရရှိပြီး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

စင်ကာပူနိုင်ငံ

စင်ကာပူ-မြန်မာအသက်မွေးပညာသင်ကျောင်း နားလည်မှုစာချွန်လွှာသက်တမ်း တိုးမြှင့်နိုင်ခဲ့ ကြောင်း၊စင်ကာပူလေကြောင်းလိုင်းကို စင်ကာပူ-ရန်ကုန်-မန္တလေးခရီးစဉ် စမ်းသပ်ကာလ ပျံသန်း ပြေးဆွဲခွင့်ပြုထားပြီးဖြစ်ကြောင်း၊ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ရက်(၃၀) ဗီဇာကင်းလွတ်ခွင့်ပြုရေး စာချွန် လွှာကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်သက်ဝင်နေပြီဖြစ်သည်။အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံများ နှင့်လည်း ချစ်ကြည်ရေးများ ထူထောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.