Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-အေပက်ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ရန် ဗီယက်နမ်သို့ ရောက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-အေပက်ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့သို့ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံ မှ သိရသည်။
ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင် ကွမ် ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ အထူးလေယာဉ်ဖြင့် ယနေ့ နံနက် ၁၀း၀၀ နာရီ အချိန်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားသည်။(Xinhua)