Connect with us

Politics, Law & Military

ရေး-မော်လမြိုင်ကားလမ်း၌ တန်ဖိုးငွေကျပ် သိန်း ၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ရေး-မော်လမြိုင်ကားလမ်း၌ တန်ဖိုးငွေကျပ် သိန်း ၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် အောင်နိုင်နှင့် အဖွဲ့သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁နာရီ မိနစ် ၅ဝ က ရေး-မော်လမြိုင်သွား ကားလမ်း မော့ကနင်ရွာသစ် ကျေးရွာ လမ်းဝနေရာ၌ ဆိုင်ကယ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မော်လမြိုင်ဘက်မှ ရေးဘက်သို့ ဟွန်ဒါဝေ့ ဆိုင်ကယ်မောင်းနှင်လာသူ ချစ်ဝေစိုး အကွက် ၃ ဘုရားသုံးဆူမြို့ နေသူနှင့်အတူ မမြင့် (၃၆ နှစ်) ဘုရား သုံးဆူမြို့နေသူတို့ စီးနင်းလာသည့် ဆိုင်ကယ်ကို စစ်ဆေးရာမှ ငွေကျပ် သိန်းပေါင်း ၆ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးရာတွင် ၎င်းတို့ထံမှ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁၆ဝဝ (အလေးချိန် ၁၁၆ဝ ဂရမ်၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၅၈ဝခန့်) နှင့်အတူICE မူးယစ်ဆေးဝါး စုစုပေါင်းအလေးချိန် ၂ဝ. ၁၇၆ ဂရမ် (စုစုပေါင်းတန်ဖိုး ငွေကျပ် ၄,ဝ၃၅,၂ဝဝ ခန့်)ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး များနှင့်ပတ်သက်၍ မမြင့်အား စစ်ဆေးရာ လွန်ခဲ့သော နှစ်ရက်ခန့်က အမျိုးသား တစ်ဦးက မမြင့်အား ပို့ဆောင်ခ ငွေကျပ်တစ်သိန်းပေး၍ ရေးမြို့ ကိုရင်လေးဘုရားလမ်းဝသို့ ပို့ဆောင်စေခဲ့ ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ မမြင့်နှင့် ချစ်ဝေစိုးတို့ နှစ်ဦးအား လမိုင်း နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.