Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း လျှပ်စစ် ဓာတ်အား တိုးမြှင့် ရရှိရေး နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံ စီမံကိန်း စတင်

လျှပ်စစ် နှင့် စွမ်းအင် ၀န်ကြီးဌာန နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ရွှေဘို ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း လျှပ်စစ် ဓာတ်အား တိုးမြှင့် ရရှိရေး အတွက် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ စီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားအား ယနေ့နိုဝင်ဘာ ၁၀ ရက်တွင် ရွှေဘိုမြို့၌ ကျင်းပခဲ့သည်။

ထိုစီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားတွင် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယခု စီမံကိန်းကြီး ပြီးစီးမှု နှင့် အတူ ပထမ အဆင့် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၊ ရွှေဘိုခရိုင်၌ ရှိသော လျှပ်စစ် ဓာတ်အား အပြည့်အ၀ သုံးစွဲခွင့် မရရှိသေးသည့် မြို့ပေါ်ရပ်ကွက်များ ၊ အနီးပတ်ဝန်းကျင်မှ ဓာတ်အား မရှိသေးသည့် ကျေးရွှာ ၅၁၆ ရွှာ (အိမ်ထောင်စု အနေဖြင့် ၇၀,၀၇၈ စု)တို့ကို ဓာတ်အား အလုံအလောက် ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အတူ ဒုတိယ အဆင့် အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာမည့် ဓာတ်အားများကို နိုင်ငံတော် ဓာတ်အား စနစ်သို့ချိတ်ဆက် ပို့လွှတ်ပြီး နိုင်ငံတစ်ဝှမ်းသို့ ပို့လွှတ် ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်း ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

China Electric Power Equipment and Technology Co,Ltd(CET) ဥက္ကဋ္ဌ Mr.Guo Ricai က စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ စီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

စီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနား အထိမ်းအမှတ် အဖြစ် ပင်မ ဓာတ်အား တာဝါတိုင်တွင် ရွှေမူလီ တပ်ဆင်ပေးခြင်းများအား ပြုလုပ်နေစဉ်(ဆင်ဟွာ)

ယခု ဓာတ်အားလိုင်း နှင့် ဓာတ်အား ခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၉ ခုနှစ် အတွင်း ပြီးစီးအောင် ကြိုးပမ်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုနောက် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က လျှပ်စစ် ကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အလေးထား ဆောင်ရွက်ရာတွင် ထပ်မံလိုအပ်လာမည့် ဓာတ်အား ပမာဏအား ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး အတွက် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ယခုကဲ့သို့ဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်းများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသည်ကို ပြည်သူများ ကိုယ်စား အထူး ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က စီမံကိန်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားရာတွင် မိမိတို့သည် မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ပေးရန် ဆန္ဒရှိပြီး ထိုသို့အကူအညီ ပေးရန် အစွမ်းအစ နှင့် ယုံကြည်ချက်လည်း ရှိကြောင်း ၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူလူထု အတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထပ်ဆင့် တိုးတက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ လျှပ်စစ် ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရေးသည် တရုတ်-မြန်မာ “The Belt and Road” အတူတကွ တည်ဆောက်ရေး၏ အရေးပါသည့် လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ တာဝန်ရှိသူများ၏ အင်တိုက်အားတိုက် အားပေး ထောက်ခံမှုအောက်တွင် ယနေ့လုပ်ငန်း စတင် ဆောင်ရွက်သည့် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ စီမံကိန်းသည် အောင်မြင်မှု ရရှိပြီး တရုတ်-မြန်မာ လျှပ်စစ် ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတွင် စံပြ ဖြစ်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ China Electric Power Equipment and Technology Co,Ltd(CET) ဥက္ကဋ္ဌ Mr.Guo Ricai က စီမံကိန်း စတင် ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်း ပြောကြားခဲ့ရာတွင် ထိုစီမံကိန်းမှ လျှပ်စစ် ကဏ္ဍ တိုးတက် ဖွံ့ဖြိုးခြင်း ၊ ဒေသတွင်းရှိ ပြည်သူများ၏ လူမှုရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုး တိုးတက် ထိရောက်စေမည် ဆိုသည်ကို အပြည်အ၀ ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယခု ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် တည်ဆောက်ခြင်း ၊ အုန်းတော ဓာတ်အားခွဲရုံတွင် ၂၃၀ ကေဗွီ Switch Bay ၂ ခု တိုးချဲ့ခြင်း ၊ ရွှေဘို၌ 230/132/11 kV,(100)MVA နှင့် 230/33/11 Kv,(2*50)MVA ပင်မ ဓာတ်အားခွဲရုံ အဆင့် မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများကို အမေရိကန် ဒေါ်လာ ၁၃၃.၄၇ သန်းဖြင့် Turnkey စာချုပ် ချုပ်ဆို၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ စီမံကိန်း အား တာဝန်ယူ တည်ဆောက်မည့် China Electric Power Equipment and Technology Co,Ltd(CET) မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး CET သည် State Grid Corporation of China(SGCC)လက်အောက်ရှိ ကုမ္ပဏီ တစ်ခု ဖြစ်ပြီး State Grid သည် ကမ္ဘာပေါ်တွင် အကြီးဆုံး လျှပ်စစ် ကွန်ရက် ဆောက်လုပ်ခြင်း နှင့် လုပ်ငန်း လည်ပတ်ခြင်း ဆောင်ရွက်သည့် ကုမ္ပဏီ ဖြစ်ပြီး နည်းပညာ နှင့် လုပ်ငန်း စီမံ ခန့်ခွဲမှု စွမ်းရည်သည် ကမ္ဘာ့ထိပ်တန်း အဆင့် ရှိကြောင်း သိရသည်။

ထို့အတူ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ စီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခြင်း ၊ စီမံကိန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနား အထိမ်းအမှတ် အဖြစ် ပင်မ ဓာတ်အား တာဝါတိုင်တွင် ရွှေမူလီ တပ်ဆင်ပေးခြင်းများအား ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.