Connect with us

Politics, Law & Military

နယ်စပ်ရှိ အကြမ်းဖက်အုပ်စုများကို အမြစ်ပြတ် ရှင်းလင်းမည်ဟု ဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့  ခေါင်းဆောင်များ လက်မှတ်ရေးထိုးကြစဉ်။

နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ အကြားရှိ နယ်စပ်မျဉ်းတစ်လျှောက် လှုပ်ရှားနေသည့် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အုပ်စုများကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းသွားမည်ဟု ယနေ့နံနက် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

(၆)ကြိမ်မြောက် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နေပြည်တော် Royal ACE Hotel တွင် ယမန်နေ့(ဧပြီ ၈ ရက်) က ကျင်းပခဲ့ပြီးနောက် သဘောတူညီချက်အား ယနေ့နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပူးတွဲ သတင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု အပေါ် လုံး၀ သည်းမခံသည့် မူဝါဒအား စွဲမြဲခိုင်မာစွာ ကိုင်တွယ် ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ တည်ထောင်ထားပြီး ဖြစ်သော နယ်စပ် ဆက်ဆံရေးရုံး ကွန်ယက်အပြင် မြန်မာနိုင်ငံ နယ်ခြား စောင့် တပ်ဖွဲ့(BGP :_ Border Guard Police) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ (BGB:_ Border Guard Bangladesh) တို့ အကြားရှိ ဆက်သွယ်ရေး လမ်းကြောင်းကို အသုံးပြု၍ သတင်း အချက် အလက် ဖလှယ်ပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံအတွင်း မည်သည့် အကြမ်းဖက် ဝါဒကိုမဆို သည်းခံမည် မဟုတ်ကြောင်း၊ မည်သည့် အကြမ်းဖက် အုပ်စုမျိုးကို မဆို အခြား မည်သည့် နိုင်ငံအပေါ် ဆန့်ကျင် တိုက်ခိုက်ရေးအတွက် မိမိနယ်မြေအား အသုံးချခွင့် ပြုမည် မဟုတ်ကြောင်း၊ BGB သည် နယ်စပ်ဒေသတစ်လျှောက် တက်ကြွ နိုးကြားစွာဖြင့် စိစစ် ကြပ်မတ်မည် ဖြစ်ပြီး အကြမ်းဖက်သမားများ ဝင်ရောက်လာသည့် သတင်း အချက်အလက်ကို လက်ခံ ရရှိပါက တားဆီး ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပူးတွဲ ထုတ်ပြန်သည့် နှစ်နိုင်ငံ သဘောတူညီချက် ၁၁ ချက်၏ ဒုတိယ အချက်တွင် ဖော်ပြပါရှိသည်။

ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Maj. Gen. Md Shafeenul Islam ရှင်းလင်း ပြောကြားစဉ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း ရှင်းလင်း ပြောကြားစဉ်။

နှစ်နိုင်ငံ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပနေစဉ်။

ကျန်သည့် သဘောတူညီချက်များတွင် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအတွက် သတင်း အချက်အလက်များ မျှေ၀ ဖလှယ်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ တားဆီး ကာကွယ်ရေး၊ ပြစ်ဒဏ်ကျ နိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်း ပေးရေး၊ တပ်ရင်းမှူးအဆင့် အစည်းအဝေး၊ ဒေသမှူးအဆင့် အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေးတို့ကို လစဉ်၊ ခြောက်လ တစ်ကြိမ်နှင့် နှစ်စဉ် အလှည့်ကျ ပုံမှန် ကျင်းပရေး၊ အကြမ်းဖက်မှု အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများ ကြိုတင်တားဆီးနိုင်ရန် နှစ်ဘက် ညှိနှိုင်း ကုန်းပိုင်း ကင်းလှည့်ရေး၊ နှစ်ဘက် အားကစား ပြိုင်ပွဲများ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်ရေး စသည်တို့ ဖြစ်ကြောင်း ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ အကြား အဆင့်မြင့် အရာရှိကြီးများ၏ (၇) ကြိမ် မြောက် အစည်းအဝေးကို ၂၀၁၉ အောက်တိုဘာလအတွင်း နှစ်ဘက် သဘောတူညီပြီး အဆင်ပြေ မည့် နေ့ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.