Connect with us

Politics, Law & Military

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ မတ်လအတွင်း လောင်းကစားမှု ၂၉၂မှု ဖမ်းဆီးရမိ

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ မတ်လအတွင်း ဖမ်းဆီးရမိခဲ့သော လောင်းကစားမှုပြစာရင်းအားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ၂၀၁၉ခုနှစ် မတ်လအတွင်း လောင်းကစားမှု ၂၉၂မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လောင်းကစားမှုများ ဖမ်းဆီးရာတွင် နေပြည်တော်တွင် ၂၊ ကချင်ပြည်နယ် ၃၊ ကရင် ၁၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၈ ၊ မကွေးတိုင်းဒေသကြီးတွင် ၁၅၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၃၊ မွန်ပြည်နယ်တွင် ၁၄၊ ရခိုင် ၂၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၄၊ ရှမ်းပြည်နယ်တွင် ၈နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၅မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် လောင်းကစား ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး ဒုတိယ လောင်းကစား ဖမ်းဆီးရမိမှုသည် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယ လောင်းကစား ဖမ်းဆီးရမိမှုသည် ဧရာဝတီတိုင်းဒေသကြီး ဖြစ်ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိသော လောင်းကစားမှုအမျိုးအစားများသည် နှစ်လုံးထီ၊ ချဲထီ၊ ဖဲ၊ဂျင်နှင့် အခြားအမှုများဖြစ်ကြောင်း သိရသည်။(Xinhua)