Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတဦးထင်ကျော် ဗီယက်နမ်သို့ ထွက်ခွာ

နိုင်ငံတော် သမ္မတ နှင့် ဇနီး ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ရောက်ရှိစဉ် (ဓာတ်ပုံ-MOFA)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၈နာရီ၃၀တွင် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ စတင်ထွက်ခွာသွား ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သမ္မတ ဦးဆောင်သောအဖွဲ့သည် (၈) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၊ (၇)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (မဲခေါင်ဒေသ) များသို့တက်ရောက်ရန်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန်အတွက် သွားရောက်ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် ၁၀း၅၅ နာရီတွင် ဆိုက်ရောက်ပြီး လေဆိပ်တွင် ဗီယက်နမ်နိုင်ငံ၊ Minister of Education and Training ဖြစ်သူ H.E. Mr. Phung Xuan Nha၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.