Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ဝင် အင်အား ၅၁၁ ဦးဖြင့် ဆောင်ရွက်လျက်ရှိ

အမြန်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် နေ့စဉ်သွားလာ နေသော ယာဉ်အစီးရေ ၂ဝ,၄၃ဝ ခန့်ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမြန် လမ်းမကြီး ရဲတပ်ဖွဲ့ဝင် အင်အား ၅၁၁ ဦးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးကပြောသည်။

နေ့စဉ်သွားလာ နေသော မော်တော်ယာဉ် များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့်အညီ မောင်းနှင် သွားလာမှုရှိ၊ မရှိ စစ်ဆေးရန် ချထားပေး ထားသော အမြန် လမ်းမကြီး တပ်ဖွဲ့ဝင် အင်အားသည် လုံလောက်မှု မရှိသေးကြောင်း၊ လိုအပ်သော တပ်ဖွဲ့ဝင် အင်အားများကို တိုးချဲ့ ခန့်ထားခြင်းများ ပြုလုပ်နေ သည့်နည်းတူ ခေတ်နှင့် လျော်ညီသော စက်ကိရိယာများ တပ်ဆင်ကာ စောင့်ကြည့် စစ်ဆေးခြင်း များကို လုပ်ဆောင် နေကြောင်း၊ နည်းပညာ အကူအညီများ ဖြစ်သည့် Traffic Information Centre မှ Telematics စက်များ တပ်ဆင်ကာ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သည့် ခရီးသည်တင် ယာဉ်များနှင့် ခွင့်ပြုပြီး ကုန်တင်ယာဉ် များအား ၂၄ နာရီ စောင့်ကြည့် သတိပေးခြင်း များကိုလည်း ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ် များတွင် သတ်မှတ် အရှိန်ထက် ပိုမိုမောင်းနှင်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ယာဉ်ရပ်တန့် ရာတွင် အန္တရာယ်ကင်း စေသည့် အစီအမံများ မရှိခြင်းတို့ကို အမြန် လမ်းမကြီးကို အသုံးပြု နေသည့် ခရီးသွား ပြည်သူများ အနေဖြင့် Traffic Information Centre သို့တိုင်ကြား နိုင်ကြောင်း၊ အမြန်လမ်းမ ကြီးတွင် မကြာခဏ ယာဉ်မတော်တဆ မှုများ ရှိနေသည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကလည်း လမ်းပိုင်း ပြင်ဆင်ခြင်း များကို ဆောင်ရွက်နေပြီး တစ်ဖက်တွင်လည်း အမြန်လမ်း ထိန်းသိမ်းပြုပြင် ရေးနှင့် ကြီးကြပ်ရေး အပိုင်းကလည်း စစ်ဆေး အရေးယူခြင်း၊ သတိပေးခြင်းများကို ဆောင်ရွက်ပေး နေကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.