Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူထံသို့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု၏ ၄၅ ဦးမြောက်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူ မစ္စတာ ဒေါ်နယ် ဂျွန်ထရမ့်ထံသို့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးခြယ်တင်မြှောက်ခံရခြင်းအပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်း ၊ အမေရိကန်သမ္မတသစ် ဒေါ်နယ် ဂျွန်ထရမ့်၏ ဦးဆောင်မှုဖြင့် အမေရိကန် ပြည်သူများ၏ အကျိုးစီးပွား ၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ကို မိမိအနေဖြင့် ယုံကြည်ပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံ၏ သဝဏ်လွှာတွင် ရေးသားထားသည်။
ထို့အတူ အမေရိကန် နိုင်ငံ နှင့် မြန်မာနိုင်ငံအကြား နှစ်ဖက် အပြန်အလှန် အကျိုးရှိမည့် အားကောင်းသည့် ဆက်ဆံရေး တည်ဆောက်ရန် မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံနှင့် အတူ မျှဝေ ဖော်ဆောင် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား မိတ်ဘက် ဆက်ဆံရေး ၊ ပူးပေါင်း ဆောင်ရွက်ရေး ၊ အနာဂတ် ချစ်ကြည် ရင်းနှီးမှုအတွက် မြန်မာအစိုးရသည် အမေရိကန် သမ္မတသစ်နှင့်အတူ အနီးကပ် လက်တွဲ ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ထည့်သွင်းရေးသားထားသည်။
အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်အား နိုဝင်ဘာလ ၉ ရက်တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။(Xinhua)