Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမေရိကန် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူထံသို့ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဂုဏ်ယူ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် အမေရိကန် ပြည်ထောင်စု၏ ၄၅ ဦးမြောက်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူ မစ္စတာ ဒေါ်နယ် ဂျွန်ထရမ့်ထံသို့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် အမေရိကန် သမ္မတသစ်၏ သက်တမ်း အတွင်း အမေရိကန် နှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွား ပူးတွဲ အားထုတ်မှုတို့မှ တဆင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြင့်လာမည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း ရေးသား ထားသည်။

ထို့အတူ အမေရိကန် ပြည်ထောင်စု၏ ၄၅ ဦးမြောက်သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူ မစ္စတာ ဒေါ်နယ် ဂျွန်ထရမ့် အနေဖြင့် အိမ်ဖြူတော်တွင် တာဝန် ထမ်းဆောင်စဉ်အတွင်း ကြီးမားသော အောင်မြင်မှုများ ရရှိစေရန် ဆုတောင်းစကား ထည့်သွင်း ရေးသားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.