Connect with us

Politics, Law & Military

NCAစာချုပ်၌ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် DPNအဖွဲ့တို့ ယခုလတွင်း ထပ်မံ ဆွေးနွေးမည်

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့(DPN) တတိယအကြိမ် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ်(NCA)၌ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ယခုလအတွင်း ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့(DPN) တတိယအကြိမ် အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့မှ အဆိုပြုထားသော အချက်(၈)ချက်ကို ဆက်လက်ဆွေးနွေးခဲ့သည်။

“ ၄ချက်သဘောတူထားပြီး ၄ချက်ကျန်နေတယ်၊ ၈ချက်လုံး ပြေလည်ရင် NCAကို အားလုံး လက်မှတ်ထိုးမယ်” ဟု ခူဦးရယ်က ဆိုသည်။

UNFC အနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရထံသို့ အဆိုပြုချက်ရှစ်ခု တင်သွင်းထားပြီး ယင်းတို့အနက် လေးချက် ကို နှစ်ဖက်သဘော တူညီမှုရရှိထားပြီး ကျန်ရှိနေသော အချက်များကို ယခုလအတွင်း အပြီးသတ် ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.