Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ တွေ့ဆုံ

နေပြည်တော် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဌ သံအမတ်ကြီး (ငြိမ်း) ဦးညွန့်မောင်ရှိန် ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့ဇန်နဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ၏ လုပ်ငန်းစဉ်များ ၊ အဖွဲ့အနေဖြင့် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ သုတေသနလုပ်ငန်းများအား မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဌ သံအမတ်ကြီး (ငြိမ်း) ဦးညွန့်မောင်ရှိန်က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံအမတ်ကြီး (ငြိမ်း) ဦးညွန့်မောင်ရှိန် နှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအေးလွင် တို့မှ ကိုယ်ပိုင် စုဆောင်းထားသည့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ မှတ်တမ်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (xinhua)