Connect with us

Politics, Law & Military

မြန်မာအစိုးရ၏ တရားဝင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ မလေးရှားနိုင်ငံမှ NGOs များ၏သင်္ဘောအုပ်စုများ ဝင်ရောက်ခြင်း မပြုမိစေရန် အကြောင်းကြား

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စု အနေဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုမိစေရန် မလေးရှားနိုင်ငံ အစိုးရ အနေဖြင့် ထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့တွင် အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

မလေးရှားနိုင်ငံမှ NGOs များအနေဖြင့် ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပါဝင်သော သင်္ဘောအုပ်စု စေလွှတ်ရန် စီစဉ်နေသည်ကို ကြားသိရကြောင်း ၊ မလေးရှားနိုင်ငံ အစိုးရနှင့် NGOs များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ဆောင်ရွက်သည့် လမ်းကြောင်း အတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံနိုင်ငံများမှ ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စနှင့် ပတ်သက်ပြီး သံတမန်လမ်းကြောင်းမှ တစ်ဆင့် တရားဝင်အကြောင်းကြားဆောင်ရွက်ရန်၊ အကူအညီ များအား ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းနှစ်ခုလုံး အားခွဲခြားမှု မရှိဘဲ ပေးအပ်ရန်နှင့် ဆိပ်ကမ်းများ သို့ ရောက်ရှိချိန်တွင် အထောက်အပံ့ ပစ္စည်းများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် အလှူရှင်နိုင်ငံများကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပေါင်းစပ ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏

သံရုံးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်အကြောင်းကြား ထားကြောင်း သိရသည်။အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းနှစ်ခုလုံး အတွက် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန် သံတမန်လမ်းကြောင်းဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)