Connect with us

Politics, Law & Military

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ရောက်ရှိ၊ အခြေအနေ မစိုးရိမ်ရဟုဆို

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ (ဓာတ်ပုံ - ဝန်ကြီးချုပ် မန်းဂျော်နီ Facebook )

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ယနေ့ ဇန်နဝါရီ ၆ရက်နေ့ ညနေ ၅ နာရီကျော်တွင် ယာဉ်မတော်တဆ ဖြစ်ပွားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

“ကားတိုက်တိုက်ချင်း သတိမေ့သွားတာ၊ အခုတော့ သတိရပါပြီ၊ အခြေအနေ အရမ်း မစိုးရိမ်ရပါဘူး၊ နဂို လက်ထိထားတာ ပြန်ထိတော့ လက်တော့ လှုပ်လို့မရဘူး” ဟု ရန်ကုန်ဆေးရုံကြီး၌ ဝန်ကြီးချုပ် မန်းဂျော်နီ အနားတွင် ရှိနေသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။လက်ရှိအချိန်တွင် ဝန်ကြီးချုပ် မန်းဂျော်နီအား ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ကုတင် ၁၀ တွင် ဆေးကုမှု ခံယူနေရပြီး ဝန်ကြီးချုပ်၏ သားဖြစ်သူလည်း အနည်းငယ်သာထိခိုက်၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ဝန်ကြီးချုပ်သည် ပုသိမ်မှ နေပြည်တော် သို့အသွား ဆားမလောက် ကျေးရွာ အကျော်တွင် ရန်ကုန်မှ ဇလွန်သို့ မောင်းလာသည့် ခရီးသည်တင်ကားနှင့် တိုက်မိခြင်း ဖြစ်သည်။ရန်ကုန် – ဇလွန် ပြေးဆွဲနေသော တော်ဝင်လိုင်းကားသည် ဝန်ကြီးချုပ် ပွိုင့်ကားကို ရှောင်ရာမှ နောက်က ပါလာသည့် ဝန်ကြီးချုပ် ကားနှင့်တိုက်မိခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.