Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နေပြည်တော်၌ လူအမြောက်အမြား ကြိုဆို
နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ICJ တရားရုံး၌ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများစွာက ကြိုဆိုနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သပြေကုန်းအဝိုင်းအထိ မိုင် ၂၀ ခန့်အရှည်ရှိသော လမ်းမတစ်လျှောက် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေကြသည့် လူအများဖြင့် ပြည့်နှက်လျက်ရှိသည်။ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသော အထက်ပါအမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီဇင်ဘာ ၁၀ ရက်မှ စ၍ သုံးရက်တိုင် ကြားနာခဲ့ခြင်းဖြစ်ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုကို တရားရုံး ၏ စာရင်းမှတ်တမ်းမှ ပယ်ဖျက် ပေးရန်လည်း လျှောက်ထားခဲ့သည်။အပြည်ပြည်ဆိုင်ရာ တရားရုံး တရားသူကြီး ယူစွတ်က “ထပ်မံ လိုအပ်သည့် အချက်အလက်များကို ရုံးတော်မှ တောင်းခံပါက ပေးအပ်ရန်” နှစ်ဖက်စလုံးကို ပြောထားကြောင်း သိရသည်။(Xinhua)