Connect with us

Myanmar

ဖမ်းဆီးခံထားရသော မြန်မာသမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ် ၄နှစ်စီ အမိန့်ချမှတ်၊ မူလနေရာတွင်သာ ဆက်လက်ထိန်းသိမ်းထားဟုဆို

ဖမ်းဆီးခံထားရသည့် သမ္မတဦးဝင်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုနှစ်မှုအတွက် ထောင်ဒဏ် ၄နှစ်စီ ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် နေပြည်တော်အထူးတရားရုံး၌ အပြီးသတ်အမိန့်ချမှတ်လိုက်ပြီး ၎င်းတို့အားမူလ ထိန်းသိမ်းထားသည့်နေရာတွင်သာ ဆက်လက် ထိန်းသိမ်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေသည့် အမှုများထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့်စွဲဆိုခံထားရသောအမှုအတွက် ထောင်ဒဏ် ၂နှစ်နှင့် ပုဒ်မ ၅၀၅(ခ)တို့အတွက် ထောင်ဒဏ် ၂နှစ် စုစုပေါင်း ထောင်ဒဏ် ၄နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အလားတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း ၅၀၅ (ခ)အမှုအတွက် ထောင် ဒဏ်၂နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ များအပါအဝင် အမှုပေါင်း ၁၁မှုနှင့် တရားစွဲထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.