Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် တာဝန်ယူထားသည့် လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ နေရာအား ပြောင်းလဲဖွဲ့စည်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ နေရာအား ယနေ့မတ်လ ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ယခုအခါတွင် ဒေါ်စုစုလွင်၏ ခင်ပွန်းဖြစ်သူ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး ကတိသစ္စာပြုပြီးနောက် နိုင်ငံတော် သမ္မတ၏ ဇနီး အဖြစ် ရောက်ရှိလာပြီးနောက် ၎င်းတာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ နေရာအား ဝါးခယ်မ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း ဖြင့် ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းကို ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာပြီးနောက် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုချက် ရယူခဲ့သည်။

ဒေါ်စုစုလွင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ သုံးခွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများတွင် ရွေးကောက်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး ၎င်းသည် ပညာရေး တက္ကသိုလ် (ရန်ကုန်) သို့တက်ရောက် ပညာသင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ) ရရှိထားသူ တစ်ဦး ဖြစ်ကာ Sydney University(Australia) ၌လည်း ပညာသင်ကြားခဲ့ပြီး ၁၉၇၆ မှ ၁၉၈၉ ထိ ရန်ကုန် တက္ကသိုလ် ၊ အင်္ဂလိပ်စာ ဌာနတွင် နည်းပြမှ ကထိက ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ မှ ၂၀၀၅ ထိ Programme Officer(Education) UNICEF Yangon ၊ အလွတ်တန်း ပညာရေး အကြံပေး နှင့် စေတနာ့ ဝန်ထမ်း ၊ ၂၀၀၅ မှ ၂၀၁၂ ထိ ဘ/က ပညာရေး စီမံကိန်း ရေးဆွဲရေး နှင့် နည်းပြ လုပ်ငန်းများ ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.