Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တာဝန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်း အမျိုးသား လွှတ်တော်၌ လက်ခံ ဆွေးနွေးသွားမည်

အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ပြည်ထောင်စု လွှတ်တော်မှ တာဝန် ပေးအပ်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းကို ယနေ့မတ်လ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က စတင် တင်သွင်းခဲ့သည်။

ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က ထောက်ခံ ဆွေးနွေးခဲ့သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များမှာ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး ၊ ဈေးကွက် စီးပွားရေး စနစ် ပီပြင်ရေး ၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ဖြစ်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုသည်မှာ ယင်းရည်ရွယ်ချက်များ အောင်မြင်စေရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုကြောင်း ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။


ထို့ပြင် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရာထူး သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဖြစ်ပြီး ဤ ဥပဒေသည် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလ အတွက်သာ ဖြစ်စေရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြပါရှိပြီး ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုအပ်သော နည်းဥပဒေများကို ထုတ်ပြန်နိုင်ကြောင်း ဖော်ပြထားသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန် ၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် မဆန့်ကျင် စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများ အတွက် အကြံပြုချက်များ ပေးရခြင်း ၊ အကြံပြုချက်များ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့တာဝန်ခံရခြင်း ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများ ၊ အသင်းအဖွဲ့များ ၊ လူပုဂ္ဂိုလ်များ နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ခြင်း ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရာထူးအလျောက် ရရှိသည့် လစဉ် ချီးမြှင့်ငွေ ၊ စရိတ် ၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့် ရှိခြင်း ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ ၊ စရိတ်နှင့် အဆောင်အယောင်များ အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေ သတ်မှတ် ထားရှိရခြင်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.