Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရန် ကျန်ရှိသော ယခင် အစိုးရအဖွဲ့မှ ဒုတိယသမ္မတများ နှင့် ပြည်ထောင်စု ဝန်ကြီးတို့် ယနေ့ ကျမ်းသစ္စာကျိန်ဆို

ပြည်သူ့လွှတ်တော်တွင် ဒေါက်တာစိုင်းမောင်ခမ်း၊ ဦးဉာဏ်ထွန်း နှင့် ဦးမောင်မြင့်တို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ယခင်အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယသမ္မတများ နှင့် ပြည်ထောင်စု ဝန်ကြီးတို့်သည် ယခင်အစိုးရ သက်တမ်းကုန်ဆုံးပြီးနောက် ယနေ့ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စတင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သော လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောင်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်း နှင့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တို့ ဖြစ်ကြသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ယခင်အစိုးရအဖွဲ့၏ ဒုတိယသမ္မတ များဖြစ်ကြသော ဒေါက်တာစိုင်းမောင်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သော ဦးမောင်မြင့် တို့သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုကိုယ်စားပြု၍ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ သော်လည်း ယင်းအစိုးရအဖွဲ့၏ သက်တမ်းကုန်ဆုံးချိန် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန် ထမ်းဆောင်ရသည့်အတွက် ဒုတိယအကြိမ် လွှတ်တော် စတင်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ခွင့်ယူထားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ယနေ့မှ ကျမ်းသစ္စာကျိန်ဆိုရခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.