Connect with us

Politics, Law & Military

နိုင်ငံ ခေါင်းဆောင်များ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

မြန်မာ့ နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး အခါသမယတွင် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများအား အသီးသီး ပြောကြားခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အစိုးရအနေဖြင့် နိုင်ငံတော် အတွက် အမျိုးသား အကျိုးစီးပွားများ ပေါ်ထွန်း လာစေရန် မပြတ်သော သတိ မလျော့သော ဝီရိယ တို့ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း အသိပေးခဲ့ပြီး ယခုမှသည် နောင်လာမည့် နှစ်များအတွင်း နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး စသည့် ကဏ္ဍများတွင် အခွင့် အလမ်း ကောင်းများ ပိုမိုရရှိလာမည် ဆိုသည့် အကြောင်းအား သတင်းကောင်း ပြောကြားခဲ့သည်။

ပြည်သူများ အနေဖြင့်လည်း အစိုးရ၏ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး စသည့် လုပ်ငန်းစဉ်များအပေါ် ပိုမို ပူးပေါင်း ဆောင်ရွက်ပေးကြရန် သမ္မတ ဦးဝင်းမြင့်က ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ အား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ အား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် အား တွေ့ရစဉ် (ဓာတ်ပုံ- Pyithu Hluttaw)

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အား တွေ့ရစဉ် (ဓာတ်ပုံ- အမျိုးသားလွှတ်တော်)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ဒုတိယသမ္မတ ဦးမြင့်ဆွေ နှစ်သစ်တွင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မျှော်လင့် တောင့်တ နေသည့် ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို အမြန်ဆုံး ရရှိပြီး ပြည်သူများ၏ လူမှု စီးပွားဘဝများ အဘက်ဘက်က မြင့်မား တိုးတက် ကြပါစေဟု ဆုတောင်းမေတ္တာပို့ ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက ၂၀၁၈ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၉ ခုနှစ် နှစ်သစ်ကို စတင် ရောက်ရှိ ချိန်တွင် တိုင်းရင်းသား မိဘ ညီအစ်ကို မောင်နှမများ အားလုံး မျှော်လင့် တောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးပါသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ဖွံ့ဖြိုးရေး နှင့် တရား ဥပဒေ စိုးမိုးရေးတို့ကို အားကြိုးမာန်တက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပြီး ထိုကဲ့သို့ဆောင်ရွက်ရာမှာ တွေ့ကြုံ ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများ ၊ အခက်အခဲများကို အခွင့်အလမ်းများ အဖြစ် ပြောင်းလဲကာ ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံပြီး စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းသွားကြရန်လည်း အလေးအနက် တိုက်တွန်းခဲ့သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဆိုပါက တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးသည် အလွန် အရေးကြီးကြောင်း ၊ လွှတ်တော်များ အနေဖြင့်လည်း တိုင်းရင်းသား ပြည်သူများ အတွက် တရားမျှတသည့် ဥပဒေများ ပေါ်ပေါက်စေရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ငြိမ်းချမ်းခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့၏ အာဃာတ အမုန်းတရားများ အတ္တမာနများကို စွန့်ပယ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းတွင် အစွဲကင်းစွာဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ “တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏” ဆိုသလို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသား အားလုံးသည် မိမိ ဘ၀ တိုးတက်ရန် အတွက် လုပ်ကိုင် စားသောက်ရန် လိုအပ်ကြသကဲ့သို့ အားလုံးသည်လည်း အေးအေးချမ်းချမ်း နှင့် နေထိုင် လိုသည့် ဆန္ဒ ရှိကြကြောင်း ၊ လူသား အားလုံး၏ ဆန္ဒ ပြည့်စုံစေရန် တပ်မတော် အနေဖြင့် မိဘ ပြည်သူများ အားလုံး နှင့် လက်တွဲ ဆောင်ရွက် သွားကြမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.