Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ် ကျပ်သိန်းပေါင်း ၁၁,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ ၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁,၁၁၇,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅,၈၅၀ ပြားနှင့် ဘိန်းဖြူ ၄၈၄ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နေ့လည် ၁ နာရီကျော်ခန့်တွင် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ လွယ်ဂျယ်- မိုးမောက်သွားကားလမ်း ဝိန်းခမ်းကျေးရွာထိပ်၌ ရဲတပ်ဖွဲ့ဝင်များက 7J/—– Toyota Alphard ယာဉ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၅၅၈၅၀ ပြား(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၁,၁၁၇,၀၀၀,၀၀၀ ကျပ်)နှင့် ဆပ်ပြာခွက် ၄၄ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၄၈၄ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် ၄၈,၄၀၀,၀၀၀ ကျပ်)တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လွယ်ဂျယ်နယ်မြေရဲစခန်း မူးယစ်(ပ)၃၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၀(က) ဖြင့် အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.