Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံရသော်လည်း လူထိခိုက် ဒဏ်ရာရရှိမှု မရှိ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်းအား ရန်ကုန်-စစ်တွေ ကားလမ်း၌ ဒေသန္တရလုပ် အဝေးထိန်းမိုင်း သုံးလုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ဇန်နဝါရီ ၁ ရက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ညနေပိုင်းတွင် ရန်ကုန်-မင်းဘူး-အမ်း-စစ်တွေ ကားလမ်း မြောက်ဦးမြို့အနီး နန်းကျားနှင့် ပေါင်းတုတ် ကျေးရွာအကြား တံတားအမှတ် (၁/၁ဝ၆) ထိပ်သို့ အရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ဖောက်ကွဲ တိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်တစ်စီးရှေ့မှန်ကွဲပြီး အခြားယာဉ်တစ်စီး တွင် ဘေးမှန်တစ်ချပ်ကွဲသွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.