Connect with us

Politics, Law & Military

နိုင်ငံ ဧရိယာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ

သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ပထမအကြိမ်) လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာ့ သစ်တော မူဝါဒ(၁၉၉၅)ပါ ရည်မှန်းချက် အရ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး ဆိုင်ရာ နိုင်ငံ အလိုက် ဆောင်ရွက် ရမည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံဧရိယာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ပထမအကြိမ်) လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ပြုလုပ်ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သတ္တုတွင်း နည်းဥပဒေသစ် အရ ယခင် ခွင့်ပြုထားသည့် အသေးစားလုပ်ကွက်များမှာ အလတ်စား လုပ်ကွက်များ အဖြစ်သို့ ကူးပြောင်း ကာလ အဖြစ် ၂၀၁၉ ခုနှစ် မေလကုန် အထိ ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မျက် ရတနာ အချောထည် ဈေးကွက် ဖွံ့ဖြိုး လာစေရန် မြို့ကြီး ၅ မြို့၌ Gems Trading Centre (GTC) များဖွင့်လှစ်ပြီး ပြည်ပတင်ပို့ ရောင်းချခွင့် ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပြဋ္ဌာန်းနိုင်မည့် ကျောက်မျက်ရတနာမူဝါဒကို ပြုစုရေးဆွဲလျက်ရှိရာ မကြာမီပြဋ္ဌာန်း နိုင်တော့မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ်မှုများအား ဥပဒေအရ ထိရောက်စွာ အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့ကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက် ပေးကြ စေလိုကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သစ်ထုတ်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှစ၍ ကျွန်း၊ သစ်မာ ထုတ်လုပ်ခြင်းကို လျှော့ချရေး ဆောင်ရွက် ထားရှိ ကြောင်း၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများ၌ ခိုင်မာသည့် စိုက်ခင်းမြေနေရာရရှိရေးနှင့် စိုက်ခင်း တည်ထောင် ခြင်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ပံ့ပိုးညှိနှိုင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရားဝင် တူးဖော်ထုတ်လုပ်ခွင့်ရ လုပ်ကွက်များတွင် ကျူးကျော်ဝင်ရောက်၍ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ နေအိမ်များ တည်ဆောက်ခြင်း ၊ လုပ်ကွက်ဧရိယာအတွင်း လမ်းများပိတ်ဆို့ကာရံခြင်းများ ဖြေရှင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအောက်ရှိ ဌာနများသို့ တွန်းအားပေး၍ ထိထိရောက်ရောက် ဆောင်ရွက် ပေးစေလိုကြောင်း၊ ကျောက်မျက် ရတနာ လုပ်ကွက်များအတွင်းသို့ ရေမဆေးများ ကျူးကျော်ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ပေးစေလိုပါကြောင်း၊ စွန့်ပစ်မြေစာများမှ ကျောက်မျက်ရတနာရှာဖွေခြင်းကို ဥပဒေသစ်နှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.