Connect with us

Politics, Law & Military

ပြည်တွင်းလေဆိပ် ၉ခုအား အဆင့်မြှင့်တင်မည်

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊မေ၃၁ရက်(ဆင်ဟွာ)

ပြည်တွင်းလေဆိပ် ၉ခုအား အဆင့်မြှင့်တင်ရန်အတွက် ကျပ်ငွေ၂၃ ဘီလီယံ အသုံးပြုသွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

လေဆိပ်အားလုံးအား အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသော်လည်း အများစု အသုံးပြုသည့် လေဆိပ်များကိုသာ ဦးစားပေး ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်တွင်တော့ ရရှိသည့် ဘတ်ဂျက်အရ လေဆိပ် ၉ခုကိုသာ အဆင့်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ အဆင့်မြှင့်တင်ရမယ့် လေဆိပ်တွေကို ထပ်ပြီးရွေးချယ်ဖို့ ရှိသေးလို့ မကြာခင်တော့ တင်ဒါခေါ်ဖြစ်မှပါ။” ဟုပြောသည်။

နိုင်ငံခြားဧည့်ဝင်နှုန်းကို ယခု ဘတ်ဂျက်နှစ်တွင် ၅ သန်းဝင်နိုင်မည်ဟု ခန့်မှန်းထားသောကြောင့် လေဆိပ်များတိုးချဲ့ရခြင်း၏ အချက်တစ်ချက်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါလေဆိပ်များအား အဆင့်မြှင့်တင်ရာတွင် ပြည်တွက်းပြည်ပ ကုမ္ပဏီများအား တင်ဒါလုပ်ပိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ပြီး၊ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး လေဆိပ်တို့အား အဆင့်မြှင့်တင်ဆဲ ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၅၀ ရှိကြောင်း ဝီကီပီဒီးယား၏ စာရင်း အရသိရသည်။ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.