Connect with us

Politics, Law & Military

လှေစီးဒုက္ခ သည် နှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်

မေလ ၂၉ ရက်နေ့က မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် လှေစီး ဒုက္ခသည် ၇၂၇ ဦးကို ထက်မံ ဖမ်းဆီးရမိ ခဲ့စဉ် ( ဓာတ်ပုံ-MOI facebook စာမျက်နာ)

ရန်ကုန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် နှင့် နိုင်ငံတော် ပိုင် မီဒီယာ များ တွင် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက် ကို မေလ ၃၁ ရက်နေ့ က ဖော်ပြခဲ့သည်။၎င်း ထုတ်ပြန်ချက် တို့မှာ

၁။ အိန္ဒိယသမုဒ္ဒရာနှင့် မလက္ကာရေလက်ကြားတို့တွင် ရုတ်တရက်ဖြစ်ပေါ် လာသည့် ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ လှေစီးဒုက္ခ သည် များပြဿနာသည် အရှေ့တောင် အာရှ ဒေသအတွင်း ၂၀၁၅ ခုနှစ်၊ မေလ အလယ်ပိုင်း မှစတင်၍ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ ရှ်နှင့် မြန်မာနိုင်ငံ တို့အား ဂယက်ရိုက်လှုပ်ရှားစေခဲ့ ပါသည်။

၂။ ယင်းကိစ္စများဖြစ်ပေါ်သည့် အချိန်ကာလ အတွင်း မှာပင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ ၌ မေ၂၆ ရက်နေ့တွင် “The Oslo Conference to End Myanmar’s Persecution of Rohingyas” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အော်စလို ဆွေးနွေး ပွဲ သို့ မစ္စတာ ဂျော့ဆိုရော့စ်၊ ဒေါက်တာ မဟာသီယာ မိုဟာမက်၊ ဒေါက်တာ ဆာအဒ်ဟာမစ်ဒ်အယ်လ်ဘာနှင့် ဒက်စ်မွန်တူးတူး တို့မှ ကြိုတင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှ တစ်ဆင့် လည်းကောင်း၊ လူကိုယ်တိုင် တက်ရောက်၍လည်းကောင်း မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။

၃။ ယင်းတို့၏ပြောကြားချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ဒေသရှိ အသိုက်အဝန်း နှစ်ခုအကြား ဆောင်ရွက်ပေးနေသည့် ယုံကြည်မှုပြန်လည် တည်ဆောက်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အတွက် အစီအမံ များ၊ မြန်မာနိုင်ငံ အတွင်း ယခင် နှစ်ပေါင်းများစွာ ကပင် နေထိုင်လာခဲ့သည့် ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် တရားဝင် နိုင်ငံသားဖြစ်ခွင့် ရရှိရန် ဆောင်ရွက်နေမှု၊ ရေရှည်တွင် အသိုက်အဝန်းနှစ်ခုအကြား ခိုင်မာ မှန်ကန်သည့် အထောက်အထားများဖြင့် လက်တွဲ နေထိုင်သွားနိုင်ရန် အစီအမံတို့ကို လစ်လျူရှု ပြစ်တင်ဝေဖန် မှုများ ကို ပြုလုပ်ခဲ့ပါသည်။ ဤသို့ အပြုသဘောမဆောင်သည့် ၎င်းတို့၏ ပြောကြား ချက် များကို ကန့်ကွက်ပါသည်။

၄။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်အတူ လတ်တလောဖြစ်ပေါ် နေသည့် လှေစီး ဒုက္ခသည်များပြဿနာကို လက်တွဲဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ တစ်နိုင်ငံချင်း အနေဖြင့်လည်း မိမိတို့တတ်နိုင်စွမ်းသ၍ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း ပြုလုပ် လျက် ရှိပါသည်။

၅။ ထို့ပြင် မေ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ပြုလုပ်ခဲ့ သည့် အိန္ဒိယ သမုဒ္ဒရာ အတွင်း ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အထူးအစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ပြီး၊ ဒေသတွင်းနိုင်ငံများနှင့်အတူ လူမှောင်ခိုထုတ်မှု၊ လူကုန်ကူးမှုနှင့် ဆက်စပ် နိုင်ငံဖြတ်ကျော်မှုခင်း များ အား ရေတို/ရေရှည်တွင် ထိရောက်စွာ ပူးပေါင်းဖြေရှင်း သွားနိုင်ရန် အမြင်ချင်း ဖလှယ်နှီးနှောမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံကို ဦးတည်ပြစ်တင် ဝေဖန်မှု များ ပြုလုပ်နေခြင်းထက် လူသားချင်း စာနာ ထောက်ထားမှုကိစ္စများကို ဦးစားပေး ပူးပေါင်းဆောင် ရွက်ရန်နှင့် သက်ဆိုင်သည့် နိုင်ငံများတွင် ဖွံ့ဖြိုးရေး အကူအညီများ ပေးရေး အတွက် ကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဦးတည်ဆွေးနွေးခဲ့ပါသည်။

၆။ သို့ဖြစ်ပါ၍ လူမှောင်ခိုကူးသူများနှင့် လူကုန်ကူးသူများ၏ အမြတ် ထုတ် မှုကြောင့် ထိခိုက် ခံစားနေရသည့် လှေစီးဒုက္ခသည်များအား လူသားချင်း စာနာမှုဆိုင်ရာ စိတ်သဘောထားရှိ၍ ထောက်ပံ့ရေး နည်းလမ်းများ ရှာဖွေ ကူညီ ရန် လိုအပ်လျက်ရှိချိန်တွင် နိုင်ငံတစ်နိုင်ငံအပေါ် တစ်ဘက်သတ် ဖိအားပေး အပြစ်ပုံချသည့် အပြုအမူများသည် မြန်မာနိုင်ငံအပါအဝင် သက်ရောက်ခံနိုင်ငံများ၏ လတ်တလောကြိုးပမ်း မှုများကို သေးသိမ် ရာရောက်စေပြီး နိုင်ငံ တကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် တစ်ဖက်စောင်းနင်းနိုင်သော အဆိုးမြင် ပြောကြားချက် များအားလုံး ကို မြန်မာနိုင်ငံက ပယ်ချပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.