Connect with us

Politics, Law & Military

ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေ ကျပ် ၁၆ ဘီလျံကျော် ခွဲေ၀ သုံးစွဲမှုကို လွှတ်တော်က မှတ်တမ်းတင်

ဒုတိယအကြိမ်း ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေထဲမှ မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးပေါ် လုပ်ငန်း သုံးခုအတွက် ကျပ် ၁၆ ဘီလျံကျော် သုံးစွဲခဲ့ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ပြီး ကျန် လုပ်ငန်းတစ်ခုအတွက် ကျပ် ၀ ဒသမ ၄ ဘီလျံ (ကျပ်သန်း လေးရာ) သုံးစွဲမှုကို ပြန်လည် စိစစ်ပြီး လွှတ်တော်သို့ တင်ပြရန် လွှတ်တော် နာယက က ဒီဇင်ဘာလ ၁၅ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“လုပ်ငန်း သုံးခုက သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်လို့ လွှတ်တော်က ဆုံးဖြတ်ပေးဖို့မလိုဘူး၊ ရှမ်းပြည် နယ် အစိုးရအဖွဲ့က ကျပ်သန်း လေးရာ ခွဲဝေသုံးစွဲထားမှုကိုတော့ ပြန်လည် စိစစ်တင်ပြဖို့နဲ့ ကျန်လုပ်ငန်း သုံးခု အတွက် ကျပ်သန်း ၁၆၅၆၉ ဒသမ ၂၀၁၃၉ သန်း ( ကျပ် ၁၆ ဒသမ ၅၆၉ ဘီလျံ) ခွဲဝေသုံးစွဲမှုတို့ကို လွှတ်ေတော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။

လွှတ်တော်က မှတ်တမ်းတင်သည့် လုပ်ငန်း သုံးခုတို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတို့တွင် ရေကြီး ရေလျှံမှုများကြောင့် ပျက်စီးခဲ့သော လမ်းတံတားများ ပြုပြင်ခြင်း (၎င်းအတွက် ကျပ် ၆၆၉၁ သန်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ မုံရွာမြို့နယ် ဥစားကြက် မွေးမြူရေးဇုန်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၃ ရက်နေ့မှ မေ ၁၈ ရက်နေ့အထိ ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် နစ်နာ ဆုံးရှုံး ခဲ့သည့် ပိုင်ရှင် ၉၈ ဦးတို့အား ထောက်ပံ့ခြင်း (၎င်းအတွက် ကျပ် ၆၆၂ ဒသမ ၉၂၂၃၉ သန်း) နှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလများတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးများ ကြွေခြင်း၊ ရေကြီးခြင်းတို့ကြောင့် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် သီးနှံပျက်စီးသော စိုက်ဧကများအတွက် မျိုးစေ့ဖိုး ငွေ ထုတ်ပေးခြင်း၊ မိုးနှောင်းကာလတွင် မိုးခေါင်သဖြင့် စိုက်ပျိုးရေ၊ သောက်သုံးရေများအတွက် စက်ရေတွင်း ၉၀၀ တူးဖော်ခြင်း လုပ်ငန်းများ (၎င်းအတွက် ကျပ် ၉၂၁၅ ဒသမ ၂၇၉ သန်း) တို့ဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်တို့က လွှတ်တော်သို့ရှင်းပြခဲ့ကြသည်။

လွှတ်တော် နာယကက ပြန်လည် စိစစ်ပြီး တင်ပြရန် ဆုံးဖြတ်သည့် စတုတ္ထလုပ်ငန်းမှာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ဝယ်ယူခဲ့သည့် ကျပ်သန်း တစ်ထောင်တန် သောင်တူးစက်အတွက် ပေးချေရန် ကျန်ရှိသည့် စက်ဖိုးငွေ ကျပ် သန်း ၄၀၀ အား ပေးဆပ်ခြင်း ဖြစ်သည်။ ထို လုပ်ငန်း လေးမျိုးအတွက် စုစုပေါင်း ကျပ် ၁၆၉၆၉ ဒသမ ၂၀၁၃၉ သန်းတို့ကို သီးသန့်ရန်ပုံငွေမှ ခွဲေ၀ သုံးစွဲမှုအား အတည်ပြုပေးနိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည့် အပေါ် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက လုပ်ငန်း သုံးခုကို အတည်ပြုကာ ကျန်လုပ်ငန်းကို ပြန်လည် စိစစ် တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.