Connect with us

Politics, Law & Military

လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများ၌ တပ်မတော်(လေ)သို့ လေယာဉ် ၅၅စီးနှင့် ရဟတ်ယာဉ် ၁၄စီး လွှဲပြောင်းပေးအပ်ခဲ့ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

(၆၉)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ရဟတ်ယာဉ် များ တပ်တော်ဝင်အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများ၌ တပ်မတော်(လေ)သို့ လေယာဉ်အမျိုးအစား ခြောက်မျိုးမှ စုစုပေါင်း လေယာဉ် ၅၅စီးနှင့် ရဟတ်ယာဉ်အမျိုး အစား လေးမျိုးမှ စုစုပေါင်း ရဟတ်ယာဉ် ၁၄စီးတို့အား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ပြောကြားသည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ရဟတ်ယာဉ် များ တပ်တော်ဝင်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

(၆၉)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ရဟတ်ယာဉ် များ တပ်တော်ဝင်အခမ်းအနား တွင် Beech 1900 D လေယာဉ် လေးစီးနှင့် EC 120 B ရဟတ်ယာဉ် လေးစီးတို့ကို တပ်မတော်(လေ)သို့ လွှဲပြောင်းအပ်ခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက ဆိုသည်။

တပ်မတော်ကို နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ခေတ်မီတပ်မတော်တစ်ခုအဖြစ် ရည်မှန်းပြီး ဖွဲ့စည်းတည်ဆောက်ရာတွင် လူသားအရင်းအမြစ်၊ လက်နက်နည်းပညာနှင့်ဓနအင်အားတို့ လိုအပ်သကဲ့သို့ တပ်မတော်သားများအနေဖြင့် စည်းကမ်းစနစ်တကျရှိရန်လည်းလိုကြောင်း၊ ခေတ်မီအင်အား တောင့်တင်းရေးအတွက် ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ရမှာဖြစ်ပြီး ယင်းစစ်လက်နက်ပစ္စည်း ကိရိယာများကို ကိုင်တွယ်အသုံးပြုမည့် အရည်အချင်းရှိသော စစ်သည်တော်များလည်း မွေးထုတ်ပေးရမည်ကြောင်း ၎င်းက ပြောကြားသည်။

လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား စုစုပေါင်း ၈ ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်အသီးသီးမှ ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.