Connect with us

Politics, Law & Military

လူကုန်ကူးမှု တိုက်ဖျက်ရေး အာဆီယံ ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံ ဝင်ရောက်ရန် လွှတ်တော် အတည်ပြု

ဒုတိယအကြိမ်း ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း သို့မြန်မာနိုင်ငံက ဝင်ရောက်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။

အခန်း ခုနစ်ခန်း၊ ပုဒ်မပေါင်း ၃၁ ခုပါဝင်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံက အတည်ပြု ဝင်ရောက်ရန် လွှတ်တော် ကိုယ်စားလှယ် နှစ်ဆယ်ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုပါ ကွန်ဗင်းရှင်း သို့ ဝင် ရောက်ခြင်း ကြောင့် ရရှိလာမည့် ကောင်းကျိုးများနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြကာ ပြည်ထောင်စု လွှတ် တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ယခု အတည်ပြု ဝင်ရောက်မယ့် အာဆီယံ ကွန်ဗင်းရှင်းအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဟာ မူလ ဖြစ်ပွားရာ ကြားခံ သို့မဟုတ် ခရီးဆုံး နိုင်ငံတို့နဲ့ မည်သည့် အခြေအနေမျိုးမှာ မဆို ၎င်းတို့အနေနှင့် မျှေ၀ တာဝန်ခံခြင်း နှင့် လူကုန်ကူးမှု ကာကွယ်ရေး၊ စွဲချက် တင်ရေး၊ လူကုန်ကူးခံရသူတို့ကို ကာကွယ်စောင့်ရှောက်ရေး စတဲ့ ဗဟို ဦးတည်ချက်တွေကို သဘောတူ ဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် လူကုန်ကူးခံရသူများကို ကိုင် တွယ် တဲ့ ဒေသဆိုင်ရာ စနစ်ကို ချမှတ်ပြီး ထိုစနစ်သည် ဥပဒေကြောင်း အရ ချိတ်ဆက်မှုနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအပေါ် အပြန်အလှန် အထောက်အကူ ဖြစ်စေနိုင်မှာလည်း တွေ့ရှိရပါတယ်၊ နိုင်ငံတိုင်းဟာ မိမိတို့ နိုင်ငံ အကျိုးစီးပွားနဲ့ပတ်သက်ပြီး မတူညီသော စိန်ခေါ်မှုများ အပေါ်မှာ မတူညီသော ဦးစားပေးမှုများနဲ့ မတူညီ သော နည်းဗျူဟာ ချမှတ် အကောင်အထည် ဖော်မှုများနဲ့ ဆောင်ရွက်လျက် ရှိကြသော်လည်း အာဆီယံ ကွန် ဗင်းရှင်းကို အတည်ပြု ဝင်ရောက်ခြင်းအားဖြင့် လူကုန်ကူးမှုကိုဆန့်ကျင်တဲ့၊ ပိုမိုအားကောင်းပြီး ထိရောက်သော ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကတိကဝတ်တွေကို ပိုမို ခိုင်မာလာစေမှာ ဖြစ်တဲ့ အပြင် ဂိုဏ်း အုပ်စု ဖွဲ့ကျူးလွန်တဲ့ ပြစ်မှုများ အပါအဝင် နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှုများကိုပါ ပိုမို ပူးပေါင်း ဆောင်ရွက်လာ နိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဒီအာဆီယံ ကွန်ဗင်းရှင်းကို အပြီးသတ် အတည်ပြုချက် ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါရန် လွှတ်တော် နာယကကြီးမှ တစ်ဆင့် လေးစားစွာ တင်ပြအပ် ပါတယ်” ဟု လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

ထို့အပြင် ၎င်းက “၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ အပေါ်မှာလည်း ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ရေးဆွဲလျက်ရှိပြီး ထွက်ပေါ်လာတဲ့ ဥပဒေအရ နည်းဥပဒေ ရေးဆွဲနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟုလည်း ပြောခဲ့သည်။ ထိုသို့ပြောအပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း သို ့မြန်မာ နိုင်ငံက အတည်ပြု ဝင်ရောက်ရန် ပြည်ထောင်စု လွှတ်တော်က သဘောမတူသူ မရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117